Login
GREEN TOMORROW

GREEN TOMORROW

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်အတွက် “စိမ်းလန်းသော မနက်ဖြန်” မိုးရာသီသစ်ပင်စိုက်ခြင်းအစီအစဉ်ကို SHWE Bank မှ ပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ခြင်းအစီအစဥ်ကို လှည်းကူးမြို့နယ်ရှိ ဦးဝင်းမိဘမဲ့မိသားစု နှင့် ဧမာနွေလ မိဘမဲ့‌ဂေဟာ နှစ်ခုတွင် ပြုလုပ်ခဲ့ပြီး ပျိုးပင်လှူဒါန်းခြင်းနှင့် စာအုပ်များလှူဒါန်းခြင်းစသည့် အစီအစဥ်များလည်း ပါဝင်ခဲ့ပါသည်။
‌‌ထို့အပြင် မိဘမဲ့‌ဂေဟာမှ ကလေးများကို အဝတ်အစားများလှူဒါန်းခြင်း နှင့် မရှိမဖြစ်လိုအပ်သော ယောကျ်ားလေးဝတ် အတွင်းခံ၊ မိန်းကလေးဝတ် အတွင်းခံနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပါသည်။

Share Now:
Share on facebook
Share on twitter
Share on linkedin
CSR Gallery