ချေးငွေ၏ရည်ရွယ်ချက်

ရွှေ Loan လေးချေးငွေ (Micro and Small Business Loan) သည် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းတိုးချဲ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းတစ်ခုအနေဖြင့် လိုအပ်သော လုပ်ငန်းသုံးပစ္စည်း (သို့မဟုတ်) စက်ယန္တရားများ ဝယ်ယူနိုင်စေရနပုံသေပိုင်ပစ္စည်းများဝယ်ယူခြင်း ချေးငွေပုံစံဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအားကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက် လုပ်ငန်းလည်ပတ်ငွေချေးငွေ ပုံစံအဖြစ်သော်လည်းကောင်း  ရည်ရွယ်၍ထုတ်ချေး သောချေးငွေအမျိုးအစား ဖြစ်ပါ သည်။ 

ချေးငွေအကြောင်းဖော်ပြချက်

  • MSME လုပ်ငန်းရှင်များအနေဖြင့် ရွှေ Loan လေးချေးငွေအားရယူ၍ လုပ်ငန်း လည်ပတ်မှု ပိုမိုကောင်းမွန်လာစေရန် ချေးငွေ၏ ၈၀%ကို စက်ပစ္စည်းများ ဝယ်ယူရန်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ရှိသော၂၀%ကိုလုပ်ငန်းလည်ပတ်ရာတွင်အသုံးပြုရန်အတွက် ရွှေလုံးလေး ပုံသေပိုင်ပစ္စည်းများ ဝယ်ယူ ခြင်းချေးငွေ ပုံစံအမျိုးအစားဖြင့်လျှောက်ထားနိုင်ပါသည်။ 
  • MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအားကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက် လုပ်ငန်း အတွင်း၌ကုန်ကျသော အသုံး စရိတ်များ နှင့် အခြားသောကုန်ကျစရိတ်များအတွက် ၁၀၀ ရာခိုင်နှုန်းအသုံးပြုနိုင်သော ရွှေလုံးလေး လုပ်ငန်းလည်ပတ်ငွေချေးငွေ ပုံစံဖြင့် သော်လည်းကောင်း ချေးငွေအား လျှောက်ထားနိုင်ပါသည်။ 
  • ရွှေလုံးလေး ပုံသေပိုင်ပစ္စည်းများဝယ်ယူခြင်းချေးငွေနှင့် လုပ်ငန်းလည်ပတ်ငွေချေးငွေအတွက် အာမခံအပေါင်ပစ္စည်းတင်ပြရန်မလိုပါ 

‌ရွှေloanလေးလျှောက်ထားသူများနှင့်သက်ဆိုင်သောအချက်အလက်များ

  • စျေးကွက်ထဲတွင်အနည်းဆုံး 12 လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းဖြစ်ရမည်။ 
  • ငွေချေးသူသည် လုပ်ငန်းဦးစီးလုပ်ကိုင်နေသူပိုင်ရှင်ဖြစ်ပြီး ဆိုင်ကိုလည်ပတ်အောင် 
    ဆောင်ရွက်ရမည်။ 
  • ချေးငွေလျှောက်ထားသူသည် အာမခံသူအနေဖြင့် ထောက်ခံသူ (၂) ဦးလိုအပ်ပါသည် (မိသားစုဝင်တစ်ဦး နှင့် အခြားလုပ်ငန်းပိုင်ရှင်တစ်ဦး) 
  • လျှောက်ထားသူသည် အသက် (၁၈)နှစ်အထက် နှင့် ချေးငွေသက်တမ်းပြီးဆုံးသည့်အခါ အသက် (၆၀) နှစ်အောက်ရှိရပါမည်။ 
  • ဝန်ထမ်း ၂၅ ဦးထက်မပိုသော သို့မဟုတ် တစ်နှစ်ဝင်ငွေ ကျပ် ၁၀၀,၀၀၀,၀၀၀ ထက်မပိုသော လုပ်ငန်းဖြစ်ရမည်။ 

ရွှေloanလေး ချေးငွေလျှောက်ထားခွင့်ရှိသော လုပ်ငန်းအမျိုးအစားများ

  • ဝန်ဆောင်မှုလုပ်ငန်းများ
  • ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများ
  • အစားအသောက်နှင့်သက်ဆိုင်သော လုပ်ငန်းများ

အခကြေးငွေနှင့်ဝန်ဆောင်ခများ

Table Header Table Header Table Header

အကြောင်းအရာ 

ပုံသေပိုင်ပစ္စည်းများဝယ်ယူခြင်းအတွက်

လုပ်ငန်းလည်ပတ်ငွေ အတွက်

ချေးငွေပမာဏ
အနည်းဆုံး – ကျပ်သိန်း ၁၀၀
အများဆုံး – ကျပ်သိန်း ၅၀၀
အနည်းဆုံး – ကျပ်သိန်း ၁၀၀
အများဆုံး – ကျပ်သိန်း ၅၀၀
ချေးငွေသက်တမ်း
၁ နှစ် (သို့မဟုတ်) ၂ နှစ်
၁ နှစ် (သို့မဟုတ်) ၂ နှစ်
အတိုးနှုန်း
၁၄.၅%
၁၅%
အတိုးနှုန်းတွက်ချက်မှုပုံစံ
အရင်းလျော့ချခြင်းပုံစံ
အရင်းလျော့ချခြင်းပုံစံ
ဝန်ဆောင်ခ
ချေးငွေသက်တမ်း ၁ နှစ် – ၁% (ချေးငွေပမာဏပေါ်တွင်)
ချေးငွေသက်တမ်း ၁ နှစ် – ၂% (ချေးငွေပမာဏပေါ်တွင်)
ချေးငွေသက်တမ်း ၁ နှစ် – ၁% (ချေးငွေပမာဏပေါ်တွင်)
ချေးငွေသက်တမ်း ၁ နှစ် – ၂% (ချေးငွေပမာဏပေါ်တွင်)
ချေးငွေပြန်လည်ပေးဆပ်မှုပုံစံ
လစဉ် သို့မဟုတ် ၃ လတစ်ကြိမ်
လစဉ် သို့မဟုတ် ၃ လတစ်ကြိမ်
လျှောက်လွှာကြေး
၅၀,၀၀၀ (အဓိကလျှောက်ထားသူ)
၃၀.၀၀၀ (ပူးတွဲလျှောက်ထားသူ)
၅၀,၀၀၀ (အဓိကလျှောက်ထားသူ)
၃၀.၀၀၀ (ပူးတွဲလျှောက်ထားသူ)

ရွှေloanလေးချေးငွေလျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

  • ပတ်စပို့ဆိုဒ်ဓာတ်ပုံ တစ်ပုံ 
  • ချေးငွေလျှောက်ထားသူ နှင့် အာမခံသူများ၏ မှတ်ပုံတင်မိတ္တူ နှင့် အိမ်ထောင်စုစာရင်း (မိတ္တူ) 
  • ရပ်ကွက်ထောက်ခံစာ(မူရင်း) 
  • လုပ်ငန်းတိုးချဲ့မည့် အစီအစဉ် 
  • ဝယ်ယူထားသော ပစ္စည်းအသေးစိတ်အချက်အလက်များ (ပုံသေပိုင်ပစ္စည်းများ ဝယ်ယူ ခြင်းအတွက်) 
  • လုပ်ငန်းသည် ကုမ္ပဏီဖြစ်ပါက DICA မှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ 
  • ကုမ္ပဏီမဟုတ်ပါက မြို့တော်စည်ပင်သာယာ သို့မဟုတ် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနမှ ထုတ်ပေးသောလုပ်ငန်းလိုင်စင် 
  • အာမခံသူများသည် လုပ်ငန်းပိုင်ရှင်ဖြစ်ပါက လုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင် လက်မှတ် (မိတ္တူ) 
  • လုပ်ငန်းတည်နေရာနှင့် လုပ်ငန်းနှင့်ပတ်သက်သော ဓာတ်ပုံများ 
  • ချေးငွေ လျှောက်ထားသူ၏ ဘဏ်စာရင်း အနည်းဆုံး ၆ လ (မိမိကိုယ်ပိုင်အကောင့် သို့မဟုတ် လုပ်ငန်းအကောင့်) 
  • အာခံသူများ၏ နောက်ဆုံး ၃ လဘဏ်စာရင်း (နောက်ဆုံး ၃လစာ ဝင်ငွေအထောက် အထား) 
  • (၁) နှစ်အတွင်း ပေးဆောင်ထားသည့် အခွန်ပြေစာများ၊ ငှားရမ်းခများ၊ ငွေပေးချေပြေစာများ (အနည်းဆုံး ၃လစာကျန်ရှိသော ငှားရမ်းခများ)