SHWE Bank နှင့် Friendly Auto (Cars & Friends) တို့သည် အရစ်ကျစနစ်ဖြင့် ကားဝယ်ယူလိုသူများအတွက် ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရန် “Car Loan Dealer Partnership” အဖြစ် တရားဝင် ပူးပေါင်းလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ဤပူးပေါင်းမှုကြောင့် Friendly Auto (Cars & Friends) မှ မည်သည့်ကားကိုမဆို ဝယ်ယူသူများအနေနဲ့ SHWE Bank ၏ Car Loan ဝန်ဆောင်မှုဖြင့် အမြန်ဆုံးနှင့် အလွယ်ကူဆုံး ရယူနိုင်တော့မည်ဖြစ်ပါသည်။







