ချေးငွေ၏ရည်ရွယ်ချက်

ရွှေ Loan လေးချေးငွေ(Micro and Small Business Loan) သည် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် တိုးချဲ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း တစ်ခုအနေဖြင့် လိုအပ် သောပစ္စည်း(သို့မဟုတ်) စက်ယန္တရားများ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ထုတ်ချေး သောချေးငွေဖြစ်သည်။

ချေးငွေပုံစံ

MSME လုပ်ငန်းရှင်များအနေဖြင့် ရွှေ Loan လေးချေးငွေအားရယူ၍ လုပ်ငန်း လည်ပတ်မှု ပိုမိုကောင်းမွန်လာစေရန် ချေးငွေ၏၈၀%ကို စက်ပစ္စည်းများ ဝယ်ယူရန်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ရှိသော၂၀%ကို လုပ်ငန်းလည်ပတ််ရန်သုံးစွဲ နိုင်ပါသည်။

‌ရွှေloanလေးလျှောက်ထားသူများနှင့်သက်ဆိုင်သောအချက်အလက်များ

  • စျေးကွက်ထဲတွင်အနည်းဆုံး 12 လလုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းဖြစ်ရမည်။
  • ငွေချေးသူသည် လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး ဆိုင်ကို လည်ပတ်အောင်ဆောင်ရွက်ရမည်။
  • ချေးငွေလျှောက်ထားသူသည် ထောက်ခံသူ (၂) ဦးလိုအပ်ပါသည် (မိသားစုဝင်တစ်ဦး နှင့် အခြားလုပ်ငန်းပိုင်ရှင်တစ်ဦး)
  • လျှောက်ထားသူသည် အသက် (၁၈)နှစ်အထက် နှင့် ချေးငွေသက်တမ်းပြီးဆုံးသည့်အခါ အသက် (၆၀) နှစ်အောက်ရှိရပါမည်။
  • ဝန်ထမ်း 25 ဦးထက်မပိုသော သို့မဟုတ် တစ်နှစ်ဝင်ငွေ ကျပ် 100,000,000 ထက်မပိုသော လုပ်ငန်းဖြစ်ရမည်။

ရွှေloanလေး ချေးငွေလျှောက်ထားခွင့်ရှိသော လုပ်ငန်းအမျိုးအစားများ

  • ဝန်ဆောင်မှုလုပ်ငန်းများ
  • ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများ
  • အစားအသောက်နှင့်သက်ဆိုင်သော လုပ်ငန်းများ

အခကြေးငွေနှင့်ဝန်ဆောင်ခများ

Table Header Table Header
ချေးငွေကျပ်
သိန်း(၁၀၀)မှ သိန်း(၅၀၀)အထိ
ချေးငွေသက်တမ်း
၁နှစ်-၂နှစ်
အတိုးနှုန်း
၁၄.၅%
အတိုးနှုန်းတွက်ချက်သည့်ပုံစံ
လစဉ်(သို့မဟုတ်)၃လတစ်ကြိမ် ပုံသေအရစ်ကျပြန်လည်ပေးဆပ်နိုင်ပါသည်။
ဝန်ဆောင်ခ
၁%
လျှောက်လွှာကြေး
၂၀,၀၀၀ကျပ်

ရွှေloanလေးချေးငွေလျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

  • ပတ်စပို့ဖွတ်ဆိုက်ဓာတ်ပုံ တစ်ပုံ
  • ချေးငွေလျှောက်ထားသူ နှင့် ကို ထောက်ခံသူ များ၏ မှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုစာရင်း (မိတ္တူ)
  • ရပ်ကွက်ထောက်ခံစာ(မူရင်း)
  • လုပ်ငန်းစီမံချက် 
  •  ဝယ်ယူထားသော ပစ္စည်းအသေးစိတ်
  • လုပ်ငန်းသည် ကုမ္ပဏီဖြစ်ပါက DICA မှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ
  • ကုမ္ပဏီမဟုတ်ပါက မြို့တော်ခေါင်းဆောင်သို့မဟုတ် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်
  • ထောက်ခံသူ များသည် လုပ်ငန်းပိုင်ရှင်ဖြစ်ပါက လုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မိတ္တူ)
  • လုပ်ငန်းတည်နေရာနှင့် လုပ်ငန်းနှင့်ပတ်သက်သော ဓာတ်ပုံများ
  • ချေးငွေ လျှောက်ထားသူ၏ ဘဏ်စာရင်း အနည်းဆုံး ၆ လ (မိမိကိုယ်ပိုင်အကောင့် သို့မဟုတ် လုပ်ငန်းအကောင့်)
  • ထောက်ခံသူများ၏ နောက်ဆုံး ၃ လ ဘဏ်စာရင်း (နောက်ဆုံး ၃ ဝင်ငွေအထောက်အထား)
  • (၁)နှစ်အတွင်း ပေးဆောင်ထားသည့် အခွန်ပြေစာငှားရမ်းခငွေပေးချေပြေစာများ  (အနည်းဆုံး ကျန်ရှိသော ငှားရမ်းကာလ ၃လ)