ရွှေဘဏ်အိမ်ရာချေးငွေ၏ရည်ရွယ်ချက်

အိမ်ရာချေးငွေသည် အိမ်တစ်လုံး (သို့မဟုတ်) လူနေအိမ်တစ်လုံးကို တစ်ဦးချင်းဝယ်ယူရာတွင် ငွေကြေးထောက်ပံ့ပေးသော နှစ်လတ်မှ နှစ်ရှည်ချေးငွေဖြစ်သည်။ ချေးယူသည့်ပမာဏသည် သတ်မှတ်ထားသောကာလတစ်ခုအတွက်ဖြစ်ပြီး ချေးငွေယူထားသောကာလအတွင်း ပုံသေအရစ်ကျဖြင့် ပြန်လည်ပေးဆပ်နိုင်သည်။

 

ဝယ်ယူနိုင်သည့်အိမ်အမျိုးအစား

ဂရန်မြေ၊ဘိုးဘွားပိုင်မြေ၊စည်ပင်မြေ၊အိုးအိမ်ပိုင်မြေပေါ်တွင်ဆောက်လုပ်ထားသောတိုက်ခန်းနှင့်ကွန်ဒိုအဆောက်အဦးများ

အိမ်ရာချေးငွေလျှောက်ထားနိုင်သူများ

  • ပုံမှန်ဝင်ငွေရှိသည့်မြန်မာနိုင်ငံသားတိုင်းလျှောက်ထားနိုင်ပါသည်။
  • အကယ်၍လျှောက်ထားသူလစာလုံလောက်မှုမရှိပါကဝင်ငွေရှိသောမိသားစုဝင်တစ်ဦးနှင့်အတူပူးတွဲလျှောက်ထားနိုင်ပါသည်။
  • လျှောက်ထားသူနှင့်ပူးတွဲလျှောက်ထားသူတို့သည် အသက် (၂၀)နှစ်အထက် နှင့် အသက် (၆၀) နှစ်အောက်ရှိရပါမည်။
  • ရွှေဘဏ်အိမ်ရာချေးငွေလျှောက်ထားပါကထောက်ခံသူ(၂)ဦးလိုအပ်ပါသည်။(၁)ဦးမှာမိသားစုဝင်တစ် ဦးဖြစ်ရပါမည်

ချေးငွေသတ်မှတ်ချက်များ

Table Header Table Header
လျှောက်ထားနိုင်သောပမာဏ
Total Debt Service Ratio သည်အသားတင်ဝင်ငွေ၏ ၅၀% ထက်မပိုသောပမာဏနှင့်
ချေးယူနိုင်သည့်မပမာဏ
အများဆုံး ကျပ်(၅၀၀,၀၀၀,၀၀၀ )

အနည်းဆုံးကျပ်(၃၀,၀၀၀,၀၀၀ )
ချေးငွေသက်တမ်း
အများဆုံး(၁၀)နှစ်
‌ရောင်းချသူအမျိုးအစား
ဘဏ်နှင့်ချိတ်ဆက်ထားသောအခွင့်ရရောင်းချသူ Developer ထံမှဝယ်ယူရန်၊ မိမိကြိုက်နှစ်သက်သောတိုက်ခန်း/အိမ်ခန်းဝယ်ယူရန်
ပြန်လည်ပေးဆပ်ရန်နည်းလမ်း
လစဉ်အတိုးအရင်းပုံမှန်ပေးသွင်းရန်
ကနဦးပေးသွင်းငွေ
ဝယ်ယူသည့်ပစ္စည်းစျေးနှုန်း၏ ၂၀%
အတိုးနှုန်း
၁၀%(တစ်နှစ်လျှင်)
ပျက်ကွက်ကြေး
၁၄.၅ % (တစ်နှစ်လျှင်)
ဝန်ဆောင်ခ
၁% (ချေးငွေပမာဏပေါ်တွင်တစ်ကြိမ်သာပေးသွင်းရန်)
ချေးငွေသက်တမ်းရက်မတိုင်မီ
၂ % (ပထမ(၂)နှစ်အတွင်းပြန်လည်ပေးဆပ်သောအရင်းပမာဏပေါ် ပြန်ဆပ်ခတွင်ကောက်ခံပါမည်)
ဘဏ်ရှေ့နေ၊ဘဏ်ရာဖြတ်
ရှေ့နေနှင့်ရာဖြတ်အခကြေးငွေအားလျှောက်ထားသူမှပေးဆောင်ရ မည်
အခြားကုန်ကျငွေ
ချေးငွေလျှောက်လွှာကြေး၊အခြားတံဆိပ်ခေါင်းကုန်ကျငွေများ၊ မီးအာမခံကြေးများနှင့် ဝယ်ယူမည့်တိုက်ခန်းအတွက်ပေးဆောင်ရမည့် အစိုးရအခွန်များကိုလျှောက်ထားသူမှပေးဆောင်ရမည်
ရောင်းချသူ( Developer )သို့ငွေ
စာရင်းလွှဲပြောင်းနည်း ပေးချေမှုပုံစံ

လိုအပ်သောစာရွက်စာတမ်းများ

()မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း(မိတ္တူ) 

(၂)ရပ်ကွက်ထောက်ခံစာ(မူရင်း)

(၃)ရဲစခန်းထောက်ခံစာ(မူရင်း)

(၄)လိုင်စင်ဓါတ်ပုံ(၁)ပုံ

 

 

(၁)ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ

(၂)လစာဝင်ငွေဖြတ်ပိုင်း(အနည်းဆုံး၃လစာ)

(၃)အသက်မွေးမှုလိုင်စင်(ဥပမာ–ဆရာဝန်၊သင်္ဘောသားဖြစ်ပါက)

(၄)ဘဏ်စာရင်းရှင်းတမ်း(အနည်းဆုံး၃လစာ)

 

(၁)လုပ်ငန်းလိုင်စင်(သို့)ကုမ္ပဏီလိုင်စင်

(၂)လုပ်ငန်းဓါတ်ပုံများ

(၃)DICA Information

(၄)အရှုုံးအမြတ်စာရင်း(၃)နစ်စာ

(၅)အမြတ်ခွန်ပြေစာ(၃)နှစ်စာ

 

အဆောက်အဦးဆိုင်ရာစာရွက်စာတမ်းများ

(၁)မြေငှားဂရန်စာချုပ်မိတ္တူ

(၂)ဝယ်ယူမည့်အဆောက်အဦး၏အခြားဆက်စပ်စာချုပ်များမိတ္တူ

(၃)မြေရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူအခန်းပေးအခန်းယူသဘောတူစာချုပ်မိတ္တူ

(၄)ဝယ်ယူသည့်အဆောက်အဦးဓါတ်ပုံများ‌(ရှေ့/နောက်/ဘေး/ဝဲ/ယာ)

(၅)အဆောက်အအုံပြီးစီးကြောင်းလက်မှတ် BCCမိတ္တူ

(၆)ရောင်းသူနှင့်ဝယ်သူတို့ချုပ်ဆိုသောစရံပေးစာချုပ်

(၇)မြေပိုင်ရှင်လက်မှတ်ရေးထိုးထားသောအရောင်းအဝယ်သဘောတူစာချုပ်