မန္တလေးမြို့ရှိ စားသောက်ဆိုင်နှင့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍ MSME လုပ်ငန်းရှင်များ၏ တိုးတက်မှုမှတ်တိုင်တိုင်းတွင် အတူတကွ လျှောက်လှမ်းပေးနိုင်ရန် ရည်ရွယ်သည့် “Building Mandalay’s MSME Milestones 2026” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် SHWE Bank နှင့် Myanmar Restaurant Association Mandalay Division (MRA) တို့ ပူးပေါင်း၍ “စီးပွားရေးတွေ့ဆုံပွဲ ၂၀၂၆” ကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် Myanmar Restaurant Association Mandalay Division (MRA) ၏ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် SHWE Bank ၏ ဘဏ်ဝန်ဆောင်မှု၊ ငွေကြေးဖြေရှင်းချက်များကို ချိတ်ဆက်ပေးသွားမည်ဖြစ်ပါတယ်။ ထို့ပြင် လုပ်ငန်းလည်ပတ်ရေး ငွေကြေးပံ့ပိုးမှု၊လုပ်ငန်းသုံး ဘဏ်ဝန်ဆောင်မှုများ နှင့် ရေရှည်လုပ်ငန်းတိုးချဲ့နိုင်မည့် အခွင့်အလမ်းများတို့ကို အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။
အထူးသဖြင့် လုပ်ငန်းတိုးချဲ့ရန် လိုအပ်သော ငွေကြေးပံ့ပိုးမှုများကို အာမခံ ပစ္စည်းမလိုဘဲ၊ လုပ်ငန်းလည်ပတ်မှုနှင့် ငွေသားစီးဆင်းမှုအပေါ် အခြေခံ၍ ပိုမိုလွယ်ကူစွာ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားပါတယ်။
ရွှေဘဏ်၏ အာမခံ ပစ္စည်းမလိုဘဲ ချေးငွေ
💰 သိန်း ၁,၅၀၀ အထိ ထုတ်ချေးပေးနိုင်သည့် “ရွှေ Loan ကြီး”
💰 သိန်း ၈၀၀ အထိ ထုတ်ချေးပေးနိုင်သည့် “ရွှေ Loan လေး” ဝန်ဆောင်မှုများဖြင့် စားသောက်ဆိုင် MSME လုပ်ငန်းရှင်များ၏ တိုးတက်မှုကို အပြည့်အဝ ပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်။
🤝 အခမ်းအနားအတွင်း Myanmar Restaurant Association Mandalay Division (MRA) စားသောက်ဆိုင်လုပ်ငန်းရှင်များ၏ အတွေ့အကြုံများ၊ ဆွေးနွေးချက်များနှင့် လုပ်ငန်းတိုးချဲ့ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး မန္တလေး MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
SHWE Bank သည် MRA အပါအဝင် မန္တလေးမြို့ရှိ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး ဘဏ်ဝန်ဆောင်မှုများထက် ကျော်လွန်သော ပံ့ပိုးမှုများကို ဆက်လက်တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။







