မြဝတီဘဏ်ခွဲ ဖွင့်လှစ်လိုက်ပါပြီ။

မြဝတီမြို့သူ၊ မြို့သားများနှင့် နယ်စပ်ဒေသ ကုန်သွယ်စီးပွားဆောင်ရွက်နေကြသူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် SHWE Bank (ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်) ရဲ့ (၁၁) ခုမြောက် ဘဏ်ခွဲဖြစ်တဲ့ “မြဝတီဘဏ်ခွဲ” ကို ယနေ့ (၇.၅.၂၀၂၆) ရက်နေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုကောင်းမွန်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို SHWE Bank (မြဝတီဘဏ်ခွဲ) မှာ အကောင်းဆုံးဝန်ဆောင်မှုများနဲ့ ဆောင်ရွက်ပေးသွားတော့မှာဖြစ်လို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

📍 ဘဏ်ခွဲလိပ်စာ – အမှတ် (ဂ/၅၁)၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ မြဝတီမြို့။

Share Now: