SHWE Bank သည် KN Auto Car Sale Center နှင့် Car Loan Dealership အဖြစ် ပူးပေါင်းဆောင်ရွက်သည့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ယခုကဲ့သို့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ နှစ်သက်သည့် ကားအမျိုးအစား အစုံအလင်ကို တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်မည့်အပြင် မော်တော်ကားတန်ဖိုးကို တစ်လုံးတစ်ခဲတည်း ပေးချေစရာမလိုသည့်အတွက် အချိန်တိုအတွင်း စိတ်အေးသက်သာစွာဖြင့် ကားတစ်စီးကို အလွယ်တကူ ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။







