ရွှေဘဏ်၏ Internet/Mobile Banking အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

အောက်ဖော်ပြပါ စည်းမျဥ်းစည်းကမ်းများသည် ရွှေဘဏ်၏ iBanking/ mBankingအား တစ်ဦးချင်း/ကုမ္ပဏီစာရင်း အသုံးပြုသူများ အားလုံးအတွက် ရည်ရွယ်ပါသည်။ ရွှေကျေးလက်နှင့်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ iBanking/ mBanking ဝန်ဆောင်မှုများနှင့်ပတ်သက်သော ငွေပေးချေမှုများ အားလုံးအတွက် အကျုံးဝင်ပါသည်။ ဤစည်းမျဥ်းစည်းကမ်းများကို ရပ်စဲခြင်း (သို့မဟုတ်) အခြား စည်းမျဉ်း စည်းကမ်းတစ်ခုခုဖြင့် အစားထိုးခြင်း (သို့မဟုတ်) အခြားတစ်ခုဖြင့် ပိတ်သိမ်းသည်အထိ အကျုံးဝင်မည် ဖြစ်သည်။

 ၁။  Log In ဝင်ရောက်ခြင်း

iBanking/ mBanking ဝန်ဆောင်မှုအသုံးပြုရန် ရွှေဘဏ်၏ ဘဏ်ခွဲများသို့ သွားရောက် စာရင်း ဖွင့်လှစ်ခြင်းအပြင် မိမိကိုယ်တိုင် မိုဘိုင်းလ်ဖုန်းမှတဆင့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းမှတ်ပုံတင်၍ စာရင်း ဖွင့်လှစ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ သုံးစွဲသူတစ်ဦးချင်း (သို့မဟုတ်)ကုမ္ပဏီစာရင်းများအတွက် အသုံးပြုသူ အမည်နှင့် စကားဝှက်ကို ရရှိနိုင်ပါသည်။

ထို့နောက် ဘဏ်မှသတ်မှတ်ပေးထားသည့် User Name နှင့် Password ကိုလည်း အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ ဤ User Name နှင့် Password ဖြင့် SHWE iBanking/ mBankingသို့ ၀င်ရောက်၍ ငွေကြေးဆိုင်ရာ ပေးချေမှုများနှင့် ငွေကြေးနှင့်မသက်ဆိုင်‌‌‌သော အခြားလုပ်ဆောင်မှုများ အားလုံးကို စတင်ပြုလုပ်နိုင်ပါသည်။

အရေးကြီးဆုံးအချက်မှာ သင်၏အထောက်အထားများကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်း၊ စာရွက်ပေါ်တွင် မှတ်သားထားခြင်း ၊ သင့်ဖုန်း (သို့) ကွန်ပျူတာတွင် မှတ်သားထားရှိခြင်း၊ iBanking/ mBanking အသုံးပြုပြီး သင့်ဖုန်း (သို့) ကွန်ပျူတာကို log out မထွက်ခဲ့ခြင်းမျိုးများ မပြုလုပ်မိစေရန် သတိထားရမည်ဖြစ်ပါသည်။ မည်သည့်အင်တာနက် Browser (သို့) Mobile Application များမှ သင့်အသုံးပြုသူအမည်နှင့် စကားဝှက်ကို ရွေဘဏ်မှ သိမ်းဆည်းထားမည်မဟုတ်ပါ။

ရွှေဘဏ်သည် မည်သည့်အကြောင်းကြောင့်မျှ အသုံးပြုသူများ၏ Username နှင့် Password ကို မည်သည့်အခါမျှ မေးမြန်းမည်မဟုတ်ပါ။ Log in အထောက်အထားများကို မည်သူ့ကိုမျှ မျှဝေရန် မလိုအပ်ပါ။ အကယ်၍ သင်သည် Username နှင့် Password ကို အခြားသူများအား မျှဝေပြောကြားခဲ့ပါက ငွေကြေးလွှဲပြောင်းမှုများနှင့်ပတ်သက်သည့် လိမ်လည်မှုကိစ္စရပ်များအတွက် သင်ကိုယ်တိုင်သာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်သည်။

၂။  စာကားဝှက်ဆိုင်ရာ လိုအပ်ချက်များ

စကားဝှက်သည် အနည်းဆုံး (၈) လုံး မှ အများဆုံး အလုံး (၂၀)အထိ ဖြစ်ရပါမည်။ စကားဝှက် သက်တမ်းသည် ရက် (၉၀)ဖြစ်သောကြောင့် ရက် (၉၀)တိုင်းတွင် စကားဝှက်အဟောင်းကို အသစ်သို့ ပုံမှန်ပြောင်းရမည်ဖြစ်ပြီး ယခင်စကားဝှက်ကို ပြန်လည်အသုံးပြု၍ မရကြောင်း သတိပြုရန်လိုအပ်ပါသည်။

အောက်ပါ လိုအပ်ချက်များဖြင့် သင်၏ လော့ဂ်အင် စကားဝှက်ကို သတ်မှတ်နိုင်ပါသည်။

စကားဝှက်သည် အောက်ပါ သတ်မှတ်ချက်ချက်များနှင့် ကိုက်ညီရပါမည် –

(က)    အနည်းဆုံး စာလုံးသေးတစ်လုံး (E.g abcd…)

(ခ)      အနည်းဆုံး စာလုံးအကြီး တစ်လုံး (E.g ABCD…)

(ဂ)      အနည်းဆုံး အထူးစကားလုံးတစ်ခု (E.g @#$%…)

(ဃ)    အနည်းဆုံး နံပါတ်တစ်ခု (E.g 1234…)

၃။  ရရှိနိုင်သော ဝန်ဆောင်မှုများ

iBanking/ mBanking ကိုအသုံးပြု၍ အောက်ပါ၀န်‌ဆောင်မှုများကို လုပ်ဆောင်နိုင်ပါသည်-

(က)    ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ

(၁)      ကိုယ်ပိုင်စာရင်းလွှဲပြောင်းခြင်း

(၂)      အခြားရွှေဘဏ်စာရင်းသို့ လွှဲပြောင်းခြင်း

(၃)      အချိန်ဇယားသတ်မှတ်၍ စာရင်းလွှဲပြောင်းခြင်း

(၄)      စာရင်းအစုလိုက် လွှဲပြောင်းခြင်း

(၅)      ဖုန်းငွေဖြည့်ခြင်း

(၆)      Skynetဘေလ် ပေးဆောင်ခြင်း

(၇)      Mahar Netဘေလ် ပေးဆောင်ခြင်း

(၈)      လျှပ်စစ်မီတာဘေလ်ပေးဆောင်ခြင်း  (ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ နေပြည်တော်)

(၉)      အခြားဘဏ်သို့ စာရင်းလွှဲပြောင်းခြင်း

(၁၀)    အခြားဘဏ်သို့ အမြန်ငွေလွှဲရန်

(၁၁)    Yangon Pharmacy Wholesaleဘေလ် ပေးဆောင်ခြင်း

(ခ)      ငွေကြေးဆိုင်ရာမဟုတ်သော အခြား၀န်ဆောင်မှုများ

(၁)      စာရင်းအချက်အလက်များ ကြည့်ရှူခြင်း

(၂)      မိုးဘိုင်းလ်အကောင့် ဝင်ရောက်မှုမှတ်တမ်း

(၃)      အသုံးပြုသူအမည် ပြောင်းလဲခြင်း

(၄)      စကားဝှက် ပြောင်းလဲခြင်း

(၅)      ငွေပေးချေမှုဆိုင်ရာ မှတ်တမ်း

(၆)      စာရင်းရှင်းတမ်း ရယူခြင်း

 

“အဓိပ္ပါယ်”

ကိုယ်ပိုင်စာရင်း လွှဲပြောင်းခြင်း – သင့်ကိုယ်ပိုင် ရွှေဘဏ်စာရင်းအချင်းချင်း စာရင်းလွှဲပြောင်း နိုင်ပါသည်။

အခြားရွှေဘဏ်စာရင်းသို့ လွှဲပြောင်းခြင်း – သင့်ကိုယ်ပိုင် ရွှေဘဏ်စာရင်းမှ အခြားရွှေဘဏ်စာရင်းများသို့ စာရင်းလွှဲပြောင်းနိုင်ပါသည်။

အချိန်ဇယားသတ်မှတ်၍ စာရင်းလွှဲပြောင်းခြင်း – ကိုယ်ပိုင်စာရင်းလွှဲပြောင်းခြင်း (သို့) ရွှေဘဏ် စာရင်းများအချင်းချင်း စာရင်းလွှဲပြောင်းခြင်းအတွက် လွှဲပြောင်းလိုသည့် ရက်စွဲနှင့် အချိန်ကို အလိုရှိသလို   သတ်မှတ်နိုင်ပါသည်။

စာရင်းအစုလိုက် လွှဲပြောင်းခြင်း – ကုမ္ပဏီစာရင်းဖြင့် ibanking အသုံးပြုသူများသာ လစာပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု (သို့) စာရင်းအများအပြားလွှဲပြောင်းခြင်း အသုံးပြုနိုင်ပါသည်။

ဖုန်းငွေဖြည့်ခြင်း – ဖုန်းငွေဖြည့်သွင်းခြင်းအား မည်သည့်ဖုန်းအော်ပရေတာကိုမဆို ငွေဖြည့်သွင်းနိုင်ပါသည်။

Skynetဘေလ် ပေးဆောင်ခြင်း – သင်ရွေးချယ်သည့် Skynet Bill ပက်ကေ့ချ်အတွက် ရွေးချယ်ပြီး ပေးဆောင်နိုင်ပါသည်။

Mahar Netဘေလ် ပေးဆောင်ခြင်း  –  လစဉ် Mahar Netဘေလ်များကို ရွှေဘဏ်၏ iBanking/mBanking ဝန်ဆောင်မှုအား အသုံးပြု၍ ပေးဆောင်နိုင်ပါသည်။

လျှပ်စစ်မီတာဘေလ် ပေးဆောင်ခြင်း –  ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ နေပြည်တော်မြို့နယ်များအတွက် လစဉ်လျှပ်စစ်မီတာဘေလ်များကို ရွှေဘဏ်၏ iBanking/mBanking ဝန်ဆောင်မှုအား အသုံးပြု၍ ပေးဆောင်နိုင်ပါသည်။

အခြားဘဏ်သို့ စာရင်းလွှဲပြောင်းခြင်း – ရွှေဘဏ်အကောင့်မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို့ လွယ်ကူလျှင်မြန်စွာ လွှဲပြောင်းနိုင်ပါသည်။ (မနက် ၉:၄၀မှ ညနေ ၃:၃၀ အတွင်း စာရင်းလွှဲပြောင်းမှုများတွင် အချိန်နှင့်တပြေးညီ လွှဲပြောင်း၊ လက်ခံရရှိနိုင်ပြီး ဘဏ်ဖွင့်ချိန်ကျော်လွန်သော ငွေလွှဲပြောင်းမှုများတွင် နောက်တရက် ဘဏ်ဖွင့်ချိန်အတွင်း စာရင်းလွှဲပြောင်းမှုကို လက်ခံရရှိနိုင်ပါသည်။)

အခြားဘဏ်သို့ အမြန်ငွေလွှဲရန်   –   ရွှေဘဏ်အကောင့်မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို့ အချိန်နှင့် တပြေးညီ လွယ်ကူလျှင်မြန်စွာ လွှဲပြောင်းနိုင်ပါသည်။ အများဆုံး စာရင်းလွှဲပြောင်းငွေ အကန့်အသတ်မှာ အခြားဘဏ်သို့ စာရင်းလွှဲပြောင်းခြင်းထက် နည်းသည်။

Yangon Pharmacy Wholesaleဘေလ် ပေးဆောင်ခြင်း  –  Yangon Pharmacy Wholesaleသို့ ဘေလ် ပေးဆောင်ခြင်းကို ရွှေဘဏ်၏ iBanking/mBanking ဝန်ဆောင်မှုအား အသုံးပြု၍ ပေးဆောင်နိုင်ပါသည်။

စာရင်းအချက်အလက်များ ကြည့်ရှု့ခြင်း – သင့်စာရင်းအချက်အလက်နှင့် လက်ကျန်ငွေကို အချိန်နှင့် တပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

မိုဘိုင်းလ်အကောင့် ဝင်ရောက်မှုမှတ်တမ်း – မိုဘိုင်းလ် (သို့) ကွန်ပျူတာမှ သင်‌၏ လော့ဂ်အင်၀င်ရောက်မှု မှတ်တမ်းများကို စစ်ဆေးနိုင်ပါသည်။

အသုံးပြုသူအမည် ပြောင်းလဲခြင်း –  ဘဏ်မှ သတ်မှတ်ပေးထားသည့် အသုံးပြုသူအမည်ကို မိမိနှစ်သက်ရာ အမည်သို့ ပြောင်းလဲနိုင်ပါသည်။

စကားဝှက် ပြောင်းလဲခြင်း – သင်အလိုရှိသည့်အခါ (သို့) သင့်စကားဝှက်ကို အခြားသူတစ်ဦးမှ သိထားပြီးဖြစ်သည်ဟု သံသယရှိသည့်အခါတွင် ပြောင်းလဲနိုင်သည်။

ငွေပေးချေမှုဆိုင်ရာ မှတ်တမ်း – သင်ပြုလုပ်ခဲ့သည့် ငွေပေးချေခြင်းဆိုင်ရာ မှတ်တမ်းအားလုံးကို အချိန်နှင့် တပြေးညီ စစ်ဆေးကြည့်ရှုနိုင်ပါသည်။

စာရင်းရှင်းတမ်း ရယူခြင်း – ဘဏ်စာရင်းရှင်းတမ်းကို မိမိကိုယ်တိုင် တောင်းဆိုနိုင်ပြီး သင်အလိုရှိသည့် အချိန်တွင် ထုတ်ယူနိုင်ပါသည်။

၄။  တစ်ခါသုံး စကားဝှက် (One Time Password)

တစ်ခါသုံး စကားဝှက်သည် ငွေကြေးလွှဲပြောင်းမှုတိုင်းကို လုပ်ဆောင်သည့်အခါ ဘဏ်မှ သင်စာရင်း သွင်းထားသောဖုန်းသို့ SMS မှတစ်ဆင့် ပေးပို့မည့် ဂဏန်း (၆) လုံး ပါ‌သော ကုဒ်နံပါတ်ဖြစ်သည်။ ၎င်းသည် လိမ်လည်မှုများမှကာကွယ်ရန် အရေးကြီးသော လုံခြုံရေးအဆင့် ဖြစ်သည်။ သို့ဖြစ်ပါ၍ OTP ကို မည်သူကိုမျှ မျှဝေခြင်းမပြုရန် လိုအပ်ပါသည်။

၅။  ဝန်ဆောင်ခများနှင့် နှုန်းထားများ

ရွှေဘဏ်မှ ကောက်ခံမည့် အောက်ပါဝန်ဆောင်ခနှင့်နှုန်းထားများ ပြောင်းလဲခြင်း(သို့) ပြင်ဆင်ခြင်း၊ တိုးမြှင့်ခြင်း(သို့) လျှော့ချခြင်းများကို ရွှေဘဏ်ဝဘ်ဆိုဒ်တွင် ကြေညာထားမည်ဖြစ်ပြီး အသုံးပြုသူများသည် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

iBanking/mBanking ဝန်ဆောင်မှုကို မိမိအသုံးပြုသည့်အခါတိုင်း ငွေလွှဲခနှင့် အခကြေးငွေ‌ကောက်ခံခြင်း အားလုံးကို ပေးဆောင်ရန် သဘောတူရမည်။

မိမိတွင်ရှိသော ကိုယ်ပိုင်စာရင်းများလွှဲပြောင်းခြင်းနှင့် အခြားရွှေဘဏ်စာရင်းသို့ လွှဲပြောင်းခြင်း တို့သည် ဒေသတူပါက ဘဏ်မှငွေလွှဲခကောက်ခံမည်မဟုတ်ပါ။ ငွေလွှဲခသည် ဒေသမတူသော စာရင်း အချင်းချင်းလွှဲပြောင်းခြင်းနှင့် အစုလိုက်ငွေလွှဲခြင်းများအတွက်သာ ကောက်ခံပါမည်။

၆။  ငွေပေးချေမှု ကန့်သတ်ချက်

ရွှေဘဏ်သည် ငွေလွှဲခြင်းနှင့်ပတ်သတ်၍ အနည်းဆုံးနှင့်အများဆုံး ပမာဏများကို တစ်ကြိမ်၊ နေ့စဉ်နှင့် လစဉ်ဟူ၍ ကန့်သတ်ထားပါသည်။ ရွှေဘဏ် iBanking/mBanking အသုံးပြုသူသည် တစ်ရက်လျှင် အနည်းဆုံး (၁,၀၀၀/- ကျပ်)မှစ၍ သတ်မှတ်ထားသော အများဆုံးပမာဏအထိ ငွေလွှဲနိုင်သည်။

ငွေစုစာရင်း (သို့မဟုတ်) ချက်လက်မှတ်တိုင်းတွင် အနည်းဆုံးလက်ကျန်ငွေ (၁,၀၀၀/- ကျပ်)ကို ထိန်းသိမ်းထားရန် လိုအပ်သည်။ ဘဏ်သည် ငွေပေးငွေယူတစ်ခုစီအတွက် ကန့်သတ်ချက်များကို ချမှတ်နိုင်ပြီး လိုအပ်ပါက အချိန်နှင့်အမျှ ပြောင်းလဲခြင်း ရှိနိုင်သည်။

ရွှေဘဏ်ဝဘ်ဆိုဒ်တွင်လည်း ငွေပေးငွေယူကန့်သတ်ချက်များကို အသေးစိတ်ကြည့်ရှုစစ်ဆေး နိုင်ပါသည်။

၇။  ဝန်ဆောင်မှု ရပ်စဲခြင်း

ရွှေဘဏ်သည် iBanking/ mBanking ဝန်ဆောင်မှုကို အချိန်မရွေး ရပ်ဆိုင်းနိုင်ပြီး၊ အသုံးပြုသူမှလည်း iBanking/ mBanking ဝန်ဆောင်မှုကို အချိန်မရွေး ရပ်စဲရန် တောင်းဆိုနိုင်သည်။ အသုံးပြုသူများသည် အချို့သော စည်းကမ်းသတ်မှတ်ချက်များ (သို့) ရွှေဘဏ်နှင့် အခြားသဘောတူညီချက် တစ်ခုခုကို ဖောက်ဖျက်သည့်အခါ ဘဏ်အနေဖြင့် အရေးယူဆောင်ရွက်နိုင်ပါသည်။ ဘဏ်သည်  အသုံးပြုသူထံမှ iBanking/ mBanking ဝန်ဆောင်မှုများကို ဆိုင်းငံ့ခြင်း (သို့) အကြောင်းပြချက်မရှိဘဲ အချိန်မရွေး ရပ်တန့်နိုင်ပါသည်။