မန္တလေး MSME လုပ်ငန်းရှင်တွေရဲ့ တိုးတက်မှုမှတ်တိုင်တိုင်းမှာ အတူရှိပေးနိုင်ဖို့ SHWE Bank နဲ့ MRCCI – Mandalay Region Chamber of Commerce and Industry တို့ ပူးပေါင်းပြီး “Building Mandalay’s MSME Milestones 2026” အခမ်းအနားနဲ့ MOU လက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ပါတယ်။
ဒီပူးပေါင်းမှုက ဘဏ်ဝန်ဆောင်မှုတွေ ပေးရုံထက်ပိုပြီး MRCCI – Mandalay Region Chamber of Commerce and Industry ရဲ့ ခိုင်မာတဲ့ လုပ်ငန်းရှင်ကွန်ရက်နဲ့ SHWE Bank ရဲ့ ငွေကြေးဆိုင်ရာ ဖြေရှင်းချက်တွေကို ချိတ်ဆက်ပေးပြီး MSME လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ ငွေကြေးပံ့ပိုးမှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပိုမိုနီးကပ်စွာ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
🤝 အခမ်းအနားအတွင်း SHWE Bank နဲ့ MRCCI – Mandalay Region Chamber of Commerce and Industry တို့အကြား MOU လက်မှတ်ရေးထိုးခဲ့ပြီး M.R.C.C.I အသင်းဝင်တွေနဲ့ ဆက်စပ်လုပ်ငန်းရှင်တွေအတွက် SHWE Bank ရဲ့ ဘဏ်ဝန်ဆောင်မှုတွေနဲ့ ငွေကြေးပံ့ပိုးမှုတွေကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ဖို့နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးချဲ့သွားဖို့ ရည်ရွယ်ပါတယ်။
💰 MSME လုပ်ငန်းတွေ တိုးချဲ့ဖို့ လိုအပ်တဲ့ ငွေကြေးပံ့ပိုးမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ဖို့ အာမခံပစ္စည်းမလိုဘဲ သိန်း ၁,၅၀၀ အထိ ချေးယူနိုင်မယ့် “ရွှေ Loan ကြီး” ကို မိတ်ဆက်ပေးခဲ့ပြီး၊
💰 ရှိပြီးသား “ရွှေ Loan လေး” ကိုလည်း သိန်း ၈၀၀ အထိ တိုးမြှင့်ပေးထားပါတယ်။
💡 Panel Discussion မှာတော့ MSME လုပ်ငန်းရှင်တွေရဲ့ လက်ရှိလိုအပ်ချက်တွေ၊ လုပ်ငန်းတိုးချဲ့ရာမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ငွေကြေးပံ့ပိုးမှုဆိုင်ရာ လိုအပ်ချက်တွေကို အတူတကွ ဆွေးနွေးမျှဝေခဲ့ကြပါတယ်။
ထို့အပြင် လက်ရှိ “ရွှေ Loan လေး” ကို အသုံးပြုနေတဲ့ လုပ်ငန်းရှင်တစ်ဦး ကလည်း Panelist အဖြစ် ပါဝင်ပြီး သူ့ရဲ့ လက်တွေ့စီးပွားရေးအတွေ့အကြုံတွေနဲ့ ငွေကြေးပံ့ပိုးမှုက လုပ်ငန်းတိုးတက်မှုအတွက် ဘယ်လိုအထောက်အကူဖြစ်စေခဲ့သလဲဆိုတာကို မျှဝေပေးခဲ့ပါတယ်။
ဒီလို လုပ်ငန်းရှင်တွေရဲ့ လက်တွေ့အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အတူတကွ ဆွေးနွေးနိုင်ခဲ့တာက MSME လုပ်ငန်းတွေအတွက် ပိုကောင်းတဲ့ ငွေကြေးပံ့ပိုးမှုတွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။
SHWE Bank အနေနဲ့ M.R.C.C.I နဲ့အတူ MSME လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်ပြီး သင့်တော်တဲ့ ငွေကြေးဆိုင်ရာ ဖြေရှင်းချက်တွေ ပံ့ပိုးပေးရုံသာမက၊ လုပ်ငန်းတိုးတက်မှုမှတ်တိုင်တိုင်းမှာ ယုံကြည်ရတဲ့ Business Growth Partner အဖြစ် ဆက်လက်အတူရှိပေးသွားမှာ ဖြစ်ပါတယ်။
မန္တလေး MSME လုပ်ငန်းရှင်တွေရဲ့ ဒီနေ့တိုးတက်မှုကနေ မနက်ဖြန်ရဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တွေအထိ SHWE Bank က အတူတကွ ဆက်လက်တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။






