မင်္ဂလာအိပ်မက်တွေကို အတူဖော်ဆောင်ခဲ့တဲ့ ၃ ရက်တာ

SHWE Bank အနေနဲ့ “ဒိတ်ဒိတ်ကြဲ Wedding Fair 2026 Vol.7” တွင် Gold Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပြပွဲအတွင်း မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲများ၊ မိသားစုဝင်များနှင့် Wedding Service Provider များစွာကို တွေ့ဆုံခွင့်ရခဲ့ပြီး အနာဂတ်ဘဝအတွက် လိုအပ်မယ့် ငွေကြေးစီမံကိန်းများနှင့် ဘဏ်ဝန်ဆောင်မှုများအကြောင်း အတူတကွ မျှဝေဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။

ပြပွဲကာလအတွင်း SHWE Bank Booth သို့ လာရောက်လည်ပတ်ပြီး အားပေးခဲ့ကြတဲ့ Customer များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

သင့်ရဲ့ မင်္ဂလာအိပ်မက်များ၊ ဘဝရည်မှန်းချက်များနှင့် အနာဂတ်အစီအစဉ်များ အကောင်အထည်ဖော်ရာမှာ SHWE Bank က အမြဲတမ်း ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် အတူရှိနေမှာပါ။

Share Now: