SHWE Bank ရဲ့ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်မှု ခရီးလမ်းမှာ အတူတကွ လက်တွဲလျှောက်လှမ်းခဲ့ကြတဲ့ ဝန်ထမ်းမိသားစုများအတွက် (၁၀) နှစ်ပြည့် အထိမ်းအမှတ် Staff Party ကို ပျော်ရွှင်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
ဒီပွဲလေးမှာတော့ ဌာနအသီးသီးမှ ဝန်ထမ်းများ၏ သီဆို၊ ကပြဖျော်ဖြေမှုများနှင့် ပြဇာတ်ပြိုင်ပွဲများ၊ ကောင်းမွန်လှပတဲ့ တည်ခင်းဧည့်ခံကျွေးမွေးမှုများ၊ လုပ်သက် (၁၀) နှစ်ပြည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ပျော်ရွှင်စရာ ကံစမ်းမဲအစီအစဥ်များနဲ့အတူ အမှတ်တရကောင်းများစွာကို ဖန်တီးနိုင်ခဲ့သော ညလေးတစ်ညဖြစ်ခဲ့ပါတယ်။
SHWE Bank ကို ယုံကြည်အားပေးကြတဲ့ Customer ကြီးများနဲ့ အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုများပေးနိုင်ရန် စဥ်ဆက်မပြတ် ကြိုးစားနေကြသော SHWE Bank ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုက်ပါရစေ။







