Login
“ရေဘေးပြည်သူ လက်တွဲကူ…”

“ရေဘေးပြည်သူ လက်တွဲကူ…”

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော YAGI မုန်တိုင်းကြောင့် ရေဘေးဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသော နေပြည်တော်တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော အသုံးအဆောင်များ၊ အဝတ်အထည်များ၊ စားနပ်ရိက္ခာခြောက်များ၊ ရေသန့်ဘူးများကို SHWE Bank မှ “ရေဘေးပြည်သူ လက်တွဲကူ” အစီအစဥ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဆုံးရှုံးမှုပေါင်းများစွာဖြင့် စိတ်နှလုံးညှိုးငယ်နေသော ရေဘေးသင့်ပြည်သူများအတွက် SHWE Bank မှ ထပ်တူ စိတ်မကောင်းဖြစ်ရသလို ယခုအခြေအနေဆိုးကြီးကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ပြီး စိတ်သစ် လူသစ် အင်အားသစ်များဖြင့် ဘဝအသစ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ် 🙏

#SHWEBank#AtYourService#HelpingHandsFromSHWE

#SHWESupportsYou#TogetherWeRise#YAGI

Share Now:
Share on facebook
Share on twitter
Share on linkedin
Gallery