New to site?


Login

Lost password? (close)

Already have an account?


Signup

(close)

ရွှေဘဏ် မန္တလေး (၇၉လမ်း) ဘဏ်ခွဲ ဖွင့်လှစ်ပွဲအခမ်းအနား

Homeblogရွှေဘဏ် မန္တလေး (၇၉လမ်း) ဘဏ်ခွဲ ဖွင့်လှစ်ပွဲအခမ်းအနား
03
May
ရွှေဘဏ် မန္တလေး (၇၉လမ်း) ဘဏ်ခွဲ ဖွင့်လှစ်ပွဲအခမ်းအနား
  • Author
    Thawdar Soe
  • Comments
    0 Comments
  • Category
    Uncategorized

ရွှေဘဏ်၏ မန္တလေးဘဏ်ခွဲဖြစ်သော (၇၉)လမ်းဘဏ်ခွဲကို ယနေ့ (၂၃၊၂၊၂၀၁၇) ရက်နေ့ မနက် (၁၀)နာရီတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဘဏ်ဖွင့်လှစ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဦးဇော်မြင့်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင်၊ မန္တလေးပွဲစားကုန်သည်စက်ပိုင်များ၏ မဟာဘုံကထိန်တော်အသင်းဥက္ကဌဦိးသက်တင်နှင့် စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ညီနောင်ကုမ္ပဏီများ၊ လုပ်ငန်းရှင်ကြီးများနှင့် မိတ်ဆွေသင်္ဂဟများမှ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
ရွှေဘဏ်အနေဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများဖြစ်သော အပ်ငွေ၊ စုငွေနှင့် ချေးငွေစာရင်းများ၊ နိုင်ငံခြားဘဏ်လုပ်ငန်းများဖြစ်သော နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ဆောင်မှုများ၊ ခေတ်မှီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုံခြုံစိတ်ချမြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

“သင့်အနာဂါတ်တောက်ပဖို့ ရွှေဘဏ်နှင့်အတူ လျှောက်လှမ်းစို့”
“SHWE BANK for Your Future Glory!”

အမှတ် (၁၃၂-၅၂)၊ ရ၉လမ်းနှင့် ၂၇လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း – ၀၂-၆၄၇၂၀~၃
ဖက်စ် – ၀၂-၆၄၇၂၄
Email : info@shwebank.com

131416

Tags:

    Related Posts