New to site?


Login

Lost password? (close)

Already have an account?


Signup

(close)
Home၀န်ဆောင်မှုလုပ်ငန်းများအပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်း
Homeအပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်း

နိုင်ငံခြားငွေကြေးလဲလှယ်ခြင်း

line
ရွှေဘဏ်အနေဖြင့်လူကြီးမင်းများအားဝန်ဆောင်မှုပေးနိုင်ရန်အတွက် နိုင်ငံခြားငွေကြေးလဲလှယ်နိုင်သည့် ငွေလဲကောင်တာများအားဖွင့်လှစ်ထားရှိထားပြီးအမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့အားမြန်မာကျပ်ငွေနှင့် လဲလှယ်နိုင်ပါသည်။

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

line
ရွှေဘဏ်တွင် အောက်ပါနိုင်ငံခြားငွေစာရင်းများကိုဖွင့်လှစ်နိုင်ပါသည်။

  • အမေရိကန်ဒေါ်လာ
  • ယူရို
  • စင်္ကာပူဒေါ်လာ

 

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားခြင်းအားဖြင့် သုံးစွဲသူများသည် ငွေကြေးလဲလှယ်မှုနှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲဆုံးရှုံးမှုများကိုကာကွယ်ထားပြီးဖြစ်သလိုနိုင်ငံခြားငွေဖြင့် ပေးချေရာတွင်လည်းအဆင်ပြေစေပါသည်။ နိုင်ငံခြားငွေစာရင်းသည် အတိုးနှုန်းတွက်ချက်ပေးခြင်းမရှိပါ။

အားသာချက်များ

  • ငွေကြေးအားလုံခြုံစိတ်ချစွာစုဆောင်းနိုင်ခြင်း
  • ချက်လက်မှတ်အသုံးပြု၍ ငွေပေးချေနိုင်ခြင်း
  • ငွေလွှဲခြင်း၊ ငွေကြေးအာမခံ၊ ငွေလွှဲစာတမ်းနှင့် အခြားသောဝန်ဆောင်မှုများအသုံးပြုနိုင်ခြင်း

ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ

line

ပို့ကုန်ငွေလွှဲစာတမ်း

ပို့ကုန်ငွေလွှဲစာတမ်းတစ်ခုသည် မူလငွေလွှဲစာတမ်းပါ သတ်မှတ်သဘောတူထားခဲ့သည့် အခြေအနေများနှင့် ကိုက်ညီသည်ဟုမှတ်ယူပါကကုန်တန်ဖိုးကိုကုန်ရောင်းသူအားငွေပေးချေနိုင်ရန်အတွက် ကုန်ဝယ်သူကသူ၏ဘဏ်သို့ညွှန်ကြားသည့် စာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။

  • ပို့ကုန်ငွေလွှဲစာတမ်းအကြောင်းကြားခြင်း
  • ပို့ကုန်တန်ဖိုးငွေတောင်းခံလွှာကောက်ခံခြင်း
  • ပို့ကုန်တန်ဖိုးငွေတောင်းခံလွှာ ဝယ်ယူခြင်းနှင့် နှုန်းလျှော့ပေးခြင်း
  • သင်္ဘောမတင်မီကုန်ပစ္စည်းအတွက်ငွေကြေးထောက်ပံ့ခြင်း
  • သင်္ဘောတင်ပြီးနောက် ကုန်ပစ္စည်းအတွက်ငွေကြေးထောက်ပံ့ခြင်း
  • ကုန်စည်ပိုင်ဆိုင်မှုစာချုပ်အာမခံပြု၍ ငွေကြေးထောက်ပံ့ခြင်းနှင့် ကုန်စည်အမှန်းပေါင်ပြု၍ ငွေကြေးထောက်ပံ့ခြင်း

 

သွင်းကုန်ငွေလွှဲစာတမ်း

ရွှေဘဏ်အနေဖြင့် လူကြီးမင်းများအားသွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း၊ ငွေလွှဲစာတမ်းအရသွင်းကုန်တန်ဖိုးတောင်းခံပေးခြင်းနှင့် ကောက်ခံမှုအရသွင်းကုန်တန်ဖိုးတောင်းခံပေးခြင်းတို့ကိုဝန်ဆောင်မှုပေးပါသည်။

ငွေလွှဲလုပ်ငန်း

ရွှေဘဏ်အနေဖြင့်ကုန်သွယ်မှုသို့မဟုတ် ကုန်သွယ်မှုမဟုတ်သောရည်ရွယ်ချက်များအတွက် လူကြီးမင်းတို့၏ မိတ်ဆွေသူငယ်ချင်းနှင့် ဆက်နွယ်သူများအားကမ္ဘာတစ်ဝှမ်းသို့ SWIFT စနစ်ဖြင့် နိုင်ငံခြားငွေလွှဲကိုဆောင်ရွက်နိုင်ပါသည်။

ဘဏ်အာမခံလုပ်ငန်း

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာသို့မဟုတ် လူကြီးမင်းတို့၏ လိုအပ်ချက်များအတွက် ဘဏ်အာမခံကိုအသုံးပြုနိုင်ပါသည်။ ရွှေဘဏ်အနေဖြင့် အောက်ပါအာမခံအမျိုးအစားများကိုဆောင်ရွက်ပေးပါသည်

  • သင်္ဘောတင်အာမခံ
  • တင်ဒါအာမခံ
  • လုပ်ငန်းပြီးမြောက်မှုအာမခံ