New to site?


Login

Lost password? (close)

Already have an account?


Signup

(close)
Home၀န်ဆောင်မှုလုပ်ငန်းများပြည်တွင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း
Homeပြည်တွင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း

စာရင်းရှင်အပ်ငွေစာရင်း

line
ငွေသွင်း၊ ငွေထုတ် နှင့် ငွေလွှဲကြိမ်ရေများစွာပြုလုပ်နေသည့် စီးပွားရေးသမားများအတွက် သင့်လျော်သည့် အတိုးပေးခြင်းမရှိသောအကောင့်အမျိုးအစားဖြစ်ပါသည်။နေ့စဉ်ငွေပေးချေမှုပြုလုပ်နိုင်ရန်အတွက် ချက်စာအုပ် (Cheque Book) ထုတ်ပေးထားသောကြောင့် အဆင်ပြေစွာအသုံးပြုနိုင်ပါသည်။

  • အတိုးနှုန်း                                          : အတိုးမပေးပါ
  • အထောက်အကူပြုပစ္စည်း                  : ချက်လက်မှတ်စာအုပ်
  • ကနဦးပေးသွင်းငွေ                             : ၁၀၀၀ ကျပ်
  • အနည်းဆုံးလက်ကျန်ငွေ                     : ၁၀၀၀ ကျပ်

ငွေစုဘဏ်အပ်ငွေစာရင်း

line
လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့်အထက်တွဲဖက်၍ဖြစ်စေ၊ အရွယ်မရောက်သေးသူများအတွက်ဖြစ်စေ၊ လူမှုရေးဘာသာရေးနှင့် စီးပွားရေးအဖွဲ့အစည်းအမည်များဖြင့်ဖြစ်စေစာရင်းဖွင့်လှစ်နိုင်ပါသည်။အတိုးရရှိရန်အတွက် လစဉ် လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့အထိငွေသွင်းနိုင်ပြီးအနိမ့်ဆုံးလက်ကျန်ငွေပမာဏပေါ်မူတည်၍ အတိုးနှုန်းတွက်ချက်ပေးပါသည်။ အတိုးနှုန်းမှာတစ်နှစ်လျှင် ၈.၅% ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် ATM ဝန်ဆောင်မှုရရှိနိုင်ရန်အတွက် MPU Debit Card များလည်းရယူနိုင်ပါသည်။

  • အတိုးနှုန်း                                            : အတိုးပေးပါသည်။
  • အထောက်အကူပြုပစ္စည်း                   : ငွေစုစာအုပ်၊ MPU Debit Card
  • ကနဦးပေးသွင်းငွေ                             : ၁၀၀၀ ကျပ်
  • အနည်းဆုံးလက်ကျန်ငွေ                     : ၁၀၀၀ ကျပ်

ခေါ်ယူအပ်ငွေစာရင်း

line
နေ့စဉ်လက်ကျန်စာရင်းပေါ်မူတည်၍ အတိုးတွက်ချက်ပေးပြီးလကုန်ရက်တိုင်းအတိုးထည့်သွင်းပေးပါသည်။ အတိုးနှုန်းမှာ ၄% ဖြစ်ပါသည်။

အထူးအပ်ငွေစာရင်း

line
နေ့စဉ်လက်ကျန်စာရင်းတွင် အနည်းဆုံး ၁၀သန်းကျပ်နှင့်အထက်ရှိပါကအထူးအတိုးနှုန်းဖြစ်သော ၈.၅% ဖြင့် တွက်ချက်ပေးပြီးလကုန်ရက်တိုင်းအတိုးထည့်သွင်းပေးပါသည်။ ၁၀ သန်းကျပ်ပမာဏအောက် ရောက်ရှိသောနေ့များအတွက်မူယခုအတိုးနှုန်းထားဖြင့် မရရှိနိုင်ပါ။

စာရင်းသေအပ်ငွေစာရင်း

line
လူပဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေစာရင်းသေအပ်ငွေစာရင်းအားဖွင့်လှစ်နိုင်ပါသည်။ အချိန်အတိုင်းအတာတစ်ခုအထိပိုလျှံနေသောငွေကြေးများအားအပ်နှံခြင်းဖြင့် မြင့်မားသောအတိုးနှုန်းအားခံစားရရှိနိုင်ပါသည်။ စာရင်းသေအပ်ငွေစာရင်းအားအပ်နှံထားသည့် သတ်မှတ်ချိန်ရောက်မှ ပြန်လည်ထုတ်ယူနိုင်သော်လည်းသတ်မှတ်ချိန်မပြည့်မှီပြန်လည်ထုတ်ယူလိုသူများအတွက် နီးစပ်ရာလ၏ အတိုးနှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။ စာရင်းသေအပ်ငွေစာရင်း၏အတိုးနှုန်းများမှာ

  • (၁)လစာရင်းသေအပ်ငွေ : ၉%
  • (၃)လစာရင်းသေအပ်ငွေ : ၉.၂၅%
  • (၆)လစာရင်းသေအပ်ငွေ : ၉.၅%
  • (၉)လစာရင်းသေအပ်ငွေ : ၉.၇၅%
  • (၁၂)လစာရင်းသေအပ်ငွေ : ၁၀%

ပြည်တွင်းငွေလွှဲဝန်ဆောင်မှု

line
မိဘပြည်သူများအနေဖြင့် ရွှေဘဏ်၏ ဘဏ်ခွဲများကိုအသုံးပြု၍မြန်မာနိုင်ငံအနှံ့သို့ ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံခြင်းတို့အားလွယ်ကူလျင်မြန်စွာဖြင့် ပြုလုပ်နိုင်ပါသည်။ ရွှေဘဏ်အနေဖြင့် အခြားပြည်တွင်းဘဏ်များဖြင့်လည်းဆက်သွယ်ချိတ်ဆက်ထားသောကြောင့် ငွေလွှဲလုပ်ငန်းများကိုအဆင်ပြေစွာပြုလုပ်နိုင်ပါသည်။ ချိတ်ဆက်ထားသည့် ဘဏ်များမှာသမဝါယမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ဧရာဝတီဘဏ်တို့ဖြစ်ပါသည်။

ငွေပေးအမိန့်လွှာနှင့်မေတ္တာလက်ဆောင်ချက်လက်မှတ်

line
ငွေပေးအမိန့်လွှာများအသုံးပြု၍ လူပုဂ္ဂိုလ်အကြားဖြစ်စေ၊ ကုမ္ပဏီသို့ဖြစ်စေ၊ အစိုးရအဖွဲ့အစည်းများသို့ဖြစ်စေကျသင့်ငွေများအားပေးချေနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ရွှေဘဏ်၏ ဘဏ်ခွဲများတွင် အလွယ်တကူဝယ်ယူ၍ ရရှိနိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် ရွှေဘဏ်မှထုတ်ဝေသည့် မေတ္တာလက်ဆောင် ချက်လက်မှတ်များကိုဝယ်ယူ၍ မိမိအလိုရှိရာတွင် အသုံးပြုနိုင်ပြီးအနည်းဆုံးကျပ်ငွေ ၁၀၀၀၀ ကျပ်မှ အများဆုံးကျပ်သိန် ၁၀၀ အထိဝယ်ယူနိုင်ပါသည်။

Payroll ဝန်ဆောင်မှု

line
စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ထမ်းများအားလစာငွေပေးချေရာတွင် လွယ်ကူလျင်မြန်စေရေးနှင့်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ရွှေဘဏ်မှ Payroll ဝန်ဆောင်မှုအားအသုံးပြုနိုင်ပြီဖြစ်ပါသည်။