New to site?


Login

Lost password? (close)

Already have an account?


Signup

(close)
Homeရွှေဘဏ်အကြောင်း
Homeရွှေဘဏ်အကြောင်း

ရွှေဘဏ်

line
ပြည်ထောင်စုအစိုးရ၊စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ရွှေ(ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး) ဘဏ်ကို ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ပေးရန်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ရန် မှတ်ပုံတင်ခဲ့ပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ကိုခွင့်ပြုခဲ့ပါသည်။ ခွင့်ပြုမတည်ငွေရင်းမှာကျပ်သန်းပေါင်းတစ်သိန်းဖြစ်ပြီး၊ ထည့်ဝင်ပြီးမတည်ငွေရင်းမှာကျပ်သန်းခြောက်သောင်းဖြစ်ပါသည်။ ဖော်ပြခဲ့သည့် ပြည်ထောင်စုအစိုးရနှင့် ဗဟိုဘဏ်တို့မှ အတည်ပြုချက်အရ ရွှေဘဏ် ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲကိုရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၌ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
ဘဏ်တိုင်းတွင် ယင်းတို့၏လုပ်ငန်းရည်မှန်းချက်ကိုရရှိစေရန်အလို့ငှာကိုယ်ပိုင်စည်းမျဉ်းများချမှတ်သည့် ဘဏ်ယဉ်ကျေးမှုတစ်ခုရှိကြသည့်နည်းတူ ကျွန်ုပ်တို့ဘဏ်သည်လည်းခံယူချက်၊ ရည်မှန်းချက်၊ သန္နိဌာန်၊ အဓိကတန်ဖိုးထားမှုများနှင့် ရွှေဘဏ်ဝန်ထမ်းတိုင်းအတွက် လိုက်နာရန်ပြုလုပ်ရမည့်အရာများကိုရေးဆွဲထားရှိပါသည်။

ခံယူချက်

line
တိုင်းပြည်တည်ဆောက်ရာတွင် ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကိုထိရောက်စွာအကျိုးသက်ရောက်စေရန် အမျိုးမျိုးသောငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုများကိုပံ့ပိုးပေးသည့် မြန်မာနိုင်ငံရှိပထမတန်းစားဘဏ် ဖြစ်စေရန်။

ရည်မှန်းချက်

line
ရွှေဘဏ်သည် အရည်အသွေးအဆင့်မြင့် ငွေရေးကြေးရေးဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီဖြည့်ဆည်းသွားမည်ဖြစ်ပါသည်။